Burbrit ဟာသဘာဝအတိုင်းလတ်လတ်ဆတ်ဆတ် အိမ်ချက်ပုံစံအတိုင်း ချက်လုပ်ထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးရှယ်ဘီယာ (Craft Beer) ဖြစ်ပါတယ်။
သောက်သုံးသူတွေရဲ့ကျန်းမာရေးအတွက်ရော၊ ခံတွင်းတွေ့ဖို့ရော ဂျာမနီနိုင်ငံကအကောင်းဆုံး မုယောစပါးနဲ့ အမေရိကန်နိုင်ငံအနောက်မြောက်ပိုင်းက အကောင်းမွန်ဆုံးဗျစ်ပွင့် (Hops) တွေကိုသုံးလို့ လတ်ဆတ်၊ အာဟာရပြည့်၊ အရသာရှိ ပြီး သဘာဝအတိုင်း ချက်လုပ်ထားတာဖြစ်ပါတယ်။
Burbrit ရှယ်ဘီယာကို လတ်ဆတ်အောင် အမြဲတန်းအအေးခံထားတာကြောင့် ကြာရှည်ခံဖို့အတွက် ဓါတုဗေဒ ပစ္စည်းတွေကို သုံးစရာမလိုပါဘူး။ Burbrit ရှယ်ဘီယာကို ရေ၊ မုယောစပါး၊ ဗျစ်ပွင့်၊ တဆေးတွေနဲ့ ချက်လုပ်သူတွေရဲ့ မြတ်နိုး ရူးသွပ်မှု တွေ ပေါင်းဆည်းထားပါတယ်။
မုယောစပါးစေ့ကနေ တိုက်ရိုက်ချက်တဲ့မိရိုးဖလာနည်းစနစ်နဲ့ ဂျာမဏီနိုင်ငံကလာတဲ့ ဘီယာချက်ကိရိယာတွေ ပေါင်းစပ်ပြီး တသမတ်တည်းကောင်းတဲ့ ရှယ်ဘီယာတွေချက်ဖို့ဟာ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ပါ။
Burbrit ရှယ်ဘီယာလုပ်ငန်းကိုတည်ထောင်တဲ့သူတွေဟာ (၁၉၉၀)ခုနှစ်နောက်ပိုင်းနှစ်တွေမှာ ရှယ်ဘီယာကို စင်ကာပူမှာ စတင်မြည်းစမ်းခဲ့မိတယ်။ သောကြာညနေတိုင်း အမြည်းမစားကြေးဆိုပြီး စင်္ကာပူကရှယ်ဘီယာဆိုင်မှာ သုံးလေးနှစ်လောက်အားပေးရာကနေ အဲ့ဒီဆိုင်ရဲ့ ရှယ်ယာပိုင်ရှင်ဖြစ်ဖို့စိတ်ဝင်စားခဲ့ကြတယ်…။
ဒါပေမယ့် ဆိုင်ရှင်ကသဘောမတူလို့ အာရှရဲ့လူကြိုက်များတဲ့အပန်းဖြေစခန်းတွေဖြစ်တဲ့ ဘာလီ၊ ဖူးခတ်နဲ့ ပတ္တရားလိုနေရာမှာသွားပြီး ဘီယာချက်ရောင်းရင်ကောင်းမလားလို့ ကျွန်တော်တို့တွေ စိတ်ကူးယဉ်ပြီးတွေးခဲ့မိကြတယ်။
၂၀၁၃ ခုနှစ်နောက်ပိုင်းလောက်မှာ တည်ထောင်သူထဲက နှစ်ယောက်ဟာ စင်္ကာပူကနေ ရန်ကုန်ကိုရွှေ့ပြောင်းလာ ပြီးနောက် ရှယ်ဘီယာချက်ရောင်းဖို့ကိစ္စဟာ ကျွန်တော်တို့ခေါင်းထဲပြန်လည်ရောက်ရှိလာတယ်။
နှစ်နှစ်လောက်ကြာကြာသုတေသနတွေနဲ့ စီးပွားရေးအစီအစဉ်တွေရေးဆွဲပြီးချိန်မှ မြန်မာနိုင်ငံမှာ ဘီယာချက်လိုင်စင်ရဖို့ခက်ခဲတယ်ဆိုတာ သိရှိခဲ့ရတယ်။ လိုင်စင်မရှိပဲ ခိုးချက်မယ်လို့ ရူးရူးမိုက်မိုက်တွေးမိခဲ့ပေမယ့် အဲ့ဒီအစား မျှော်လင့်ချက်လည်းများများမထားပဲနဲ့ သက်ဆိုင်ရာကို ရှယ်ဘီယာချက်လိုင်စင်လေးခွင့်ပြုဖို့ စာရေးတောင်းခံခဲ့ကြတယ်။
(၂၀၁၄)ခုနှစ်အလယ်အပိုင်းမှာ ဘာသတင်းမှမကြားရပဲ တစ်နှစ်လောက်ကြာပြီးမှ သက်ဆိုင်ရာကရုတ်တရက် ကျွန်တော်တို့ကိုဆင့်ခေါ်ပြီး ရှယ်ဘီယာလိုင်စင်ချပေးဖို့ မဖြစ်နိုင်ကြောင်းအသိပေးပြောကြားခဲ့ပါတယ်။
(၂၀၁၅)အနှောင်းပိုင်းမှာ “မရဘူး” ဆိုတာကိုလက်မခံပဲ ခေါင်းမာမာနဲ့ နောက်တစ်ကြိမ်အသနားခံစာရေးပြီး အရဲစွန့်ခွင့်တောင်း ဖြစ်တယ်။ ဒီတစ်ကြိမ်မှာတော့ သက်ဆိုင်ရာတွေက ဘီယာချက်လုပ်ဖို့ လိုင်စင်လျှောက်ဖို့ ခွင့်ပြုခဲ့တာကြောင့် ကျွန်တော်တို့တတွေ အတိုင်းမသိပျော်ရွှင်ခဲ့ရတာပေါ့ဗျာ။
လိုင်စင်စတင်လျှောက်ပြီး နှစ်နှစ်နီးပါးအကြာ (၂၀၁၆) နှစ်လယ်လောက်မှာ လိုင်စင်ရခဲ့တယ်။ (၂၀၁၆)နှစ်နှောင်းပိုင်းမှာ ရန်ကုန်မြို့၊ မြောက်ဒဂုံစက်မှုဇုံထဲမှာ ဘီယာချက်စက်ရုံတည်ဆောက်ပြီး (၂၀၁၆)ဒီဇင်ဘာလမှာ ပထမဆုံးစမ်းသပ်ဘီယာချက်ခဲ့ပါတယ်။ တိုက်ဆိုင်တာဟာ ဂျာမဏီနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း(၅၀၀)လောက်က ဂျာမန်ဘီယာသန့်စင်ရေးဥပဒေထုတ်ပြန်ခဲ့တဲ့နှစ်နဲ့ တူနေခဲ့တယ်။ (၂၀၁၆) ဒီဇင်ဘာမကုန်ခင် ရှယ်ဘီယာကို မြည်းစမ်းခဲ့ရာက (၂၀၁၇)ဇန်နဝါရီလ (၂၀)ရက်နေ့မှာ မြန်မာပြည်ကဘီယာချစ်သူတွေကို ရှယ်ဘီယာနဲ့ မိတ်ဆက်ခွင့်ရခဲ့ပါတယ်။