မေး/ဖြေ

“ရှယ်”ဘီယာအကြောင်းမပြောခင် “ရိုးရိုး”ဘီယာဘာလဲဆိုတာ အရင်ရှင်းပြပါရစေ။ ကမ္ဘာကျော်တံဆိပ်တွေဖြစ်တဲ့ Heineken, Carsberg, Budweizer ဘီယာတွေဟာ ရိုးရိုးဘီယာတွေပါ။
ရိုးရိုးဘီယာကိုစက်ရုံအကြီးကြီးတွေမှာ အမြောက်အများထုတ်လုပ်ပြီး လူအများလက်လှမ်းမှီအောင် သက်သာတဲ့ဈေးနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးရောင်းချတဲ့ဘီယာမျိုးဖြစ်ပြီး အအေးမခံပဲ ကြာရှည်သိမ်းဆည်းနိုင်အောင် Filtration (စစ်ခြင်း)၊ Pasteurisation (အပူပေးခြင်း) အပြင် တခါတရံ Chemical addition (ဆေးခတ်ခြင်း) နည်းတွေကိုအသုံးပြုပါတယ်။ တခြားပြောစရာစကားစဉ်းစားမရလို့ “ပေါချောင်ကောင်း”ဘီယာလို့ပဲ ဆိုရင်ကောင်းမလား..?
“ရှယ်” ဘီယာဆိုတာကတော့ ဈေးပေါဖို့ကိုဦးစားမပေးပဲ အရသာကောင်းဖို့ကို ဦးစားပေးချက်ထားတဲ့ ဘီယာပါ။ စနစ်တကျကျပ်တိုက်ထားတဲ့ မုယောစပါးနဲ့ မွှေးကြိုင်တဲ့ဗျစ်ပွင့်အကောင်းစားတွေချည်းသုံးတယ်။ ပျစ်ပျစ်နှစ်နှစ်နဲ့ အရောင်အနံ့အရသာထူးကဲအောင် ချက်တားတဲ့အပြင် အသစ်အဆန်းဖြစ်စေဖို့အတွက် တီထွင်ကြံဆမှုတွေလည်းပါဝင်ထားတယ်။ ဒါကြောင့် Craft ဘီယာ၊ အနုပညာမြောက်ဘီယာ ဆိုပြီး အမေရိကန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်လောက်က စတင်ရာက ဒီနေ့တစ်ကမ္ဘာလုံးမှာရေပန်းစား နေပါပြီ။
– ရှယ်ဘီယာတွေက ရိုးရိုးဘီယာလို တာရှည်ခံအောင်ပြုပြင်ခြင်းမရှိသလို မစစ်ဘူး၊ ပိုးမသတ်ဘူး၊ ဆေးမခတ်ဘူး။ ဒါကြောင့် လတ်ဆတ်တယ်၊ အာဟာရပြည့်ပြီး ကျန်းမာရေးအတွက်လည်းကောင်းတယ်။ တခါတခါချက်ရင် နည်းနည်းပဲချက်တာကြောင့် ဈေးကြီးတယ်။ဥပမာတစ်ခုပြောရရင် ကော်ဖီနဲ့ကာပူချီနိုလိုလား။ မနက်တိုင်းလူတွေသောက်တဲ့ ရိုးရိုးကော်ဖီဟာ ဈေးသက်သာတယ်။ သို့သော်ကာပူချီနိုလောက် အရသာမကောင်းဘူးလေ။ ကာပူချီနိုလိုအရသာမွှေးကြိုင်ပြီး လတ်ဆတ်ပျစ်နှစ်တာက ဘီယာမှာဆိုရင် ရှယ်ဘီယာပါ။ ကာပူချီနို၊ လာတေး၊ ဖလက်ဝှိုက်၊ အက်စပရယ်ဆို၊ အမေရိကာနို ဆိုပြီး “ရှယ်” ကော်ဖီအမျိုးမျိုးရှိသလို IPA, Red Ale, Weizen, Pilsner Porter ဆိုပြီး ရှယ်ဘီယာအမျိုးမျိုးရှိတာပေါ့ဗျာ။

ဘာကြောင့် Burbrit ရှယ်ဘီယာကဈေးကြီးတာလဲ?

ဘာကြောင့်လဲဆိုတော့
က ။ ။ ဂျာမဏီကလာတဲ့ အကောင်းစားမုယောစပါးတွေသုံးထားလို့
ခ ။ ။ အမေရိကန်နိုင်ငံကလာတဲ့ ဗျစ်ပွင့်အကောင်းစားတွေသုံးထားလို့
ဂ ။ ။ တခါချက်ရင်နည်းနည်းပဲချက်လို့
ဃ ။ ။ ပျစ်ပျစ်နှစ်နှစ်နဲ့ အရသာရှိအောင်ချက်ထားလို့။
င ။ ။ လတ်ဆတ်ပြီး အရသာရှိတဲ့ဘီယာမို့လို့။

 ရှယ်ဘီယာကဘာလို့အမြှုပ်အများကြီးမထွက်တာလဲ..?

ရှယ်ဘီယာထဲမှာ ရိုးရိုးဘီယာတွေလို အမြှုပ်(လေပူဖေါင်း) ထွက်တဲ့ဓါတ်ငွေ့တွေအများကြီးမရှိလို့ပါ။ ဘာကြောင့်လဲဆိုတော့
က ။ ။ အမြှုပ်တွေများရင် ဘီယာရဲ့ပင်ကိုယ်အရသာကို ဖုံးသွားစေပါတယ်။
ခ ။ ။ အမြှပ်ကြောင့် ရင်လည်းကယ်ပါတယ်။
ဂ ။ ။ အမြှုပ်များခြင်းက ဘီယာလတ်ဆတ်မှုနဲ့ မသက်ဆိုင်ပါဘူး။

ဘာကြောင့်ရှယ်ဘီယာကကြာလာရင်အရောင်ပျော့လာတာလဲ?

ရှယ်ဘီယာတွေဟာ ရိုးရိုးဘီယာတွေလို ဘီယာချက်စဉ် ထွက်လာတဲ့ဓါတ်ပစ္စည်းတွေ၊ တဆေးတွေကို စစ်ထုတ်မထားပါဘူး။ ဒါကြောင့်အချိန်ကြာလာတာနဲ့အမျှ အနယ်ထိုင်သွားပြီး တဖြေးဖြေးပိုကြည်လာပါတယ်..။ ဒါကြောင့်မို့ လတ်လတ်ဆတ်ဆတ်ချက်ပြီးခါစ ဘီယာဟာနောက်ပြီး အချိန်ကြာလာတာနဲ့အမျှ တဖြေးဖြေးကြည်လာပါတယ်..။

Burbrit ရှယ်ဘီယာအရသာဘယ်နှစ်မျိုးရှိလဲ..?

ဒီနေ့ထိချက်ထားတဲ့ Burbrit ရှယ်ဘီယာအမျိူးအစား တစ်ဒါဇင်ကျော်ကျော်ရှိပါတယ်..။ အရသာအသစ်တွေလည်း ဆက်ပြီးချက်လုပ် သွားဖို့ရှိတဲ့အပြင် မြန်မာ့အရသာတွေလည်း ထည့်သွင်းချက်လုပ်သွားမှာပါ။ စိန်တလုံးသရက်သီးနဲ့ချက်ထားတဲ့ စိန်တလုံးဂျုံဘီယာကို လူကြိုက်တော်တော်များပါတယ်။

ရန်ကုန်မြို့အပြင် တခြားဘယ်နေရာတွေမှာရပြီလဲ?

အခုဆို နေပြည်တော်၊ မန္တလေး၊ ပုဂံ၊ ညောင်ရွှေ၊ မုံရွာ၊ လွိုင်ကော်၊ မြိတ်မြို့တွေမှာ သောက်သုံးရရှိနေပါပြီ။ Burbrit ရှယ်ဘီယာတွေကို ယူရောင်းချင်ရင် ဖုန်းနံပါတ် (၀၉ ၇၇၄၇၃၄၇၇၄ , ၀၉ ၉၅၀၉၆၂၁၁၉) ကိုသာဆက်သွယ်လိုက်ပါဗျ။

ဘယ်သူမှမသုံးဖူးသေးတဲ့အမည်တစ်ခုကိုစဉ်စားရှာဖွေခဲ့ရာ နောက်ဆုံးမှာ Burbrit ဆိုတာ ရွေးချယ်ခဲ့ပါတယ်။ Burbrit ဆိုတာ “Burma” နဲ့ “British” စာလုံနှစ်လုံးကို တစ်လုံးပေါင်းပြီး ဖြစ်လာတာပါ။ ရည်ရွယ်တဲ့အဓိပ္ပါယ်ကတော့
(၁) ဘီယာကိုမြန်မာနိုင်ငံကိုပထမဆုံးမိတ်ဆက်လာခဲ့တဲ့ အင်္ဂလိပ်လူမျိုးတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့။
(၂) Burbrit ဘီယာကို မြန်မာနိုင်ငံမှာစတင်ခဲ့တဲ့ပုဂ္ဂိုလ်တွေရဲ့ မွေးရပ်နိုင်ငံကို ကိုယ်စားပြုဖို့။
(၃) မြန်မာ့အကောင်းဆုံးဘီယာကိုချက်လုပ်ရန် လို့ အဓိပ္ပါယ်ရတဲ့ “Brewing Burma Best” ကုမ္ပဏီဆောင်ပုဒ်နဲ့ လိုက်လျောညီထွေရှိဖို့။

Burbrit ရှယ်ဘီယာဟာ (Live Beer) အသက်ရှိတဲ့ဘီယာပါ။ တဆေးတွေကို စစ်ထုတ်မထားသလို အပူရှိန်နဲ့လည်းပေးမထားပါဘူး။ ဒါကြောင့် နွားနို့တွေကိုမကြိုပဲထားရင်ပျက်သွားသလို ဘီယာကိုအအေးခံမထားရင်ပျက်သွားပါတယ်။ Burbrit ရှယ်ဘီယာကို ပုလင်းနဲ့ဝယ်ဝယ်၊ သံဗူးနဲ့ဝယ်ဝယ် အမြဲအအေးခံထားဖို့လိုပါတယ်။

(၂၀၁၉)အစောပိုင်းကနေစပြီး Burbrit ရှယ်ဘီယာကို လိုင်းပေါ်ကနေ စတင်ရောင်းချမှာဖြစ်ပါတယ်ဗျ။ ငွေအရင်ပေးချေတဲ့စနစ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။မိမိမြို့ကကားဂိတ်တွေမှာ ကိုယ်တိုင်သွားယူရမှာဖြစ်ပါတယ်။ရေခဲဖော့ပုံးတွေမှာထည့်ပြီးရန်ကုန်မြို့ကအဝေးပြေးကားနဲ့တင်ပေးလိုက်မှာပါ။ ရှယ်ဘီယာကိုအမြဲအအေးခံထားဖို့လိုတာကြောင့် ကားဂိတ်က ရရခြင်း ရေခဲသေတ္တာထဲမှာ အအေးခံထားဖို့လိုပါတယ်။

ရန်ကုန်မြို့ထဲနဲ့မဝေးတဲ့မြို့တွေကို အိမ်အရောက်ပို့ပေးတဲ့ဝန်ဆောင်မှုရှိပါတယ်..။
ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကတော့ ၀၉ ၇၇၄၇၃၄၇၇၄၊ ၀၉ ၉၅၀၉၆၂၁၁၉ ဖြစ်ပါတယ်။မကြာခင်မှာ မန ္တလေး၊နေပြည်တော်နဲ့ အခြားမြို့ကြီးတွေမှာအိမ်အရောက်ပို့ပေးဖို့ စီစဉ်နေပါတယ်။

ရန်ကုန်မြို့အတွင်းမှာဆိုရင်ဖြစ်နိုင်ပါတယ်။ စည်တွေတင်မကဘူး ရေခဲသေတ္တာတွေ၊ ငှဲ့ပေးမယ့်သူတွေလိုက်ပေးရတဲ့အတွက် ဖုန်းနံပါတ် ၀၉ ၄၅၀၀၄၂၃၇၅ ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Shop Now