⚜️ရှယ်ဘီယာတော်လှန်ရေး⚜️

ပြီးခဲ့တဲ့ရာစုနှစ်ထဲမှာ ကမ္ဘာ့နိုင်ငံအတော်များများမှာအမြောက်အများထုတ်လုပ်ပြီးဈေးပေါပေါနဲ့ ရောင်းချတဲ့ ဘီယာကျဲကျဲတွေကိုသာဈေးကွက်ထဲမှာ ဝယ်ယူနိုင်ခဲ့ပါတယ်။ ဒါကိုလက်မခံနိုင်တဲ့ဘီယာချစ်သူတွေက ပျစ်နှစ်ပြီးအရသာရှိတဲ့ ဘီယာကို အိမ်ချက်ချက်လာတာ ပြီးခဲ့တဲ့ ရာစုနှစ်အနှောင်းပိုင်းမှာရှယ်ဘီယာဆိုပြီး ခေတ်စားလာပါတယ်။အရသာပျော့တဲ့ ဈေးကွက်ထဲက ဘီယာတွေကိုပစ်ပယ်ပြီး ပျစ်ပျစ်နှစ်နှစ်နဲ့ အရသာ အပြည့်ရှိတဲ့ ဘီယာတွေကိုရွေးချယ်သောက်သုံးတဲ့ လှုပ်ရှားမှုဟာ ၁၉၈၀-၉၀ နှစ်တွေမှာ အမေရိကန်နိုင်ငံက စတင်ခဲ့ရာက အခုတစ်ကမ္ဘာလုံးမှာခေတ်စားလာပါပြီ။ ဒီလှုပ်ရှားမှုကိုရှယ်ဘီယာတော်လှန်ရေးလို့ခေါ်တွင်ပြီး တော်လှန်ရေးမီးပွားဟာ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံမှာ ဘားဘရစ်ရှယ်ဘီယာအသွင်နဲ့ကူးစက်ခဲ့တာဖြစ်ပါတယ်။ဘီယာချစ်သူမိတ်ဆွေတွေကို ဒီတော်လှန်ရေးကြီးထဲမှာပါဝင်ဖို့ဖိတ်ခေါ်ပါရစေ။

Shop Now