⚜️ရှယ်ဘီယာ⚜️

စစ်ထုတ်မထားဘူး၊ တဆေးသတ်မထားဘူး၊ ဆေးခတ်မထားဘူး။

⚜️စစ်ထုတ်မထားဘူး

ဘီယာချက်တဲ့အခါ တဆေးတွေ အချဉ်ဖောက်စဉ် သဘာဝအတိုင်းထွက်လာတဲ့ ဓာတ်ပစ္စည်းတွေနဲ့နောက်နေတတ်ပါတယ်။ ရိုးရိုးစက်မှုဘီယာတွေကိုစစ်ပြီးမှ ပုလင်းသွင်းရောင်းတဲ့အတွက် Myanmar Heineken နဲ့ Carsberg ဘီယာတွေဟာကြည်လင်နေတာကိုတွေ့ရပါမယ်။ အချဉ်ဖောက်စဉ်သဘာဝအတိုင်းထွက်လာတဲ့ ဓာတ်ပစ္စည်းတွေဟာ သင့်ကျန်းမာရေးအတွက် အကျိုးဖြစ်တာကြောင့် Burbrit ရှယ်ဘီယာမှာစစ်ထုတ်ထားခြင်းမရှိပါဘူး ။ဒါကြောင့်သတိထားကြည့်ရင် Burbrit ရှယ်ဘီယာက အနည်းငယ်နောက်နေတာကိုတွေ့ပါလိမ့်မယ်။

⚜️တဆေးသတ်မထားဘူး

တဆေးဆိုတာနွားနို့ကိုဒိန်ချဉ်ဖြစ်အောင်လုပ်ပေးတဲ့ အကောင်လေးတွေပါ ထန်းရေအချဉ်ဖောက်တာကလဲ ဒီအကောင်လေးတွေကြောင့်ပါ။ရိုးရိုးစက်မှုဘီယာတွေချက်ပြီးတဲ့အခါမှာကြာကြာခံဖို့အတွက် အပူပေးပြီးတဆေးကိုသတ်ပစ်လိုက်ပါတယ်။ဒိန်ချဉ်မှာလိုပဲ ဘီယာထဲကသက်ရှိတဆေးဟာသင့်ကျန်းမာရေးအတွက်ကောင်းတာကြောင့် Burbrit ရှယ်ဘီယာမှာ တဆေးကိုအပူပေးပြီးသတ်မထာပါဘူူး။ဒါကြောင့်ရှယ်ဘီယာကို “လတ်ဆတ်တယ်” “ အသက်ရှိတယ်” လို့ ဆိုကြပါတယ်။

⚜️ဆေးခတ်မထားဘူး

ရိုးရိုးစက်မှုဘီယာတစ်ချို့ဟာ အအေးခံမထားပဲ ရိုးရိုးအခန်းအပူချိန်မှာ (၆)လ ၊တစ်နှစ် ထားပေမယ့် ပျက်မသွားတာကိုသတိထားမိပါလိမ့်မယ်။ ဘာကြောင့်လဲဆို တစ်ချို့စက်မှုဘီယာတွေမှာတာရှည်ခံတဲ့ ဓာတုပစ္စည်းတွေထည့်ထားလို့ပါ။ Burbrit ရှယ်ဘီယာမှာဓာတုဗေဒပစ္စည်းဘာမှသုံးမထားလို့ ကျွန်တော်တို့ဘီယာတွေကို ရေခဲသေတ္တာထဲမှာ အမြဲအအေးခံပြီး သိမ်းဆည်းဖို့ မေတ္တာရပ်ခံပါရစေ။

အရှေ့တောင်အာရှအတွင်းက နိုင်ငံတွေမှာ ရှယ်ဘီယာကို ဘယ်ဈေးနဲ့ ရောင်းနေတယ်ဆိုတာကို မြန်မာနိုင်ငံက ဘီယာချစ်ပရိသတ်ကြီးသိအောင်တင်ပြလိုပါတယ်။

လျော့ဈေးတွေ Happy Hour ရောင်းဈေးတွေကိုဖယ်ပြီး ဒီဒေသတွင်းကမြို့ကြီးတွေရဲ့ မြို့လယ်ခေါင်က 330 ml ရှယ်ဘီယာတစ်ခွက်ရဲ့ ဆိုင်သောက်ဈေးကို Local Currency ၊ USD တွေနဲ့ ယှဉ်တွဲဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ Burbrit Taproom ရဲ့ရောင်းဈေးဟာ အနည်းဆုံးဖြစ်နေတာကို မိတ်ဆွေတို့ သတိပြုမိကြမှာပါ။ Taproom မှာ ကျပ် ၄,၀၀၀ နဲ့ ရောင်းနေတဲ့ရှယ်ဘီယာတစ်ခွက်ကို Supermarket မှာ ကျပ် ၂,၅၀၀ (ယခု သြင်္ကန် Promotion 20% OFF – ကျပ် ၂,၀၀၀ ဝန်းကျင်) နဲ့ဝယ်လို့ရနေပြီဆိုတော့ မြန်မာနိုင်ငံက ရှယ်ဘီယာပရိသတ်ကြီး ပတ်ဝန်းကျင်နိုင်ငံတွေမှာနဲ့စာရင် ဈေးသက်သက်သာသာ သောက်သုံးနိုင်ပြီဖြစ်ကြောင်း လေ့လာတင်ပြလိုက်ပါတယ်။ ရှယ်ဘီယာတွေဟာ ပစ္စည်းကောင်းတွေသုံးပြီးချက်တာတစ်ကြောင်း၊ လတ်ဆတ်ဖို့အတွက်တစ်ခါချက်ရင် နည်းနည်းပဲချက်တာကတစ်ကြောင်း၊ အမြဲတမ်းအအေးခံသိမ်းရတာကတစ်ကြောင်းတို့ကြောင့် ရိုးရိုးဘီယာတွေထက်ဈေးပိုကြီးနေရခြင်း ဖြစ်ပါတယ်။

ဘီယာရဲ့ အခါးဓာတ်ပါဝင်မှုကို ဘယ်လို တိုင်းတာလဲ ⁉️

🔸IBU ဆိုတာက ဘီယာထဲမှာပါဝင်သော အခါးဓါတ်ပါဝင်မှု International Bittering Units ကို အတိုချုပ်သတ်မှတ်ခေါ်ဆိုတာ ဖြစ်ပါတယ်။

🔸IBU ကိုဘီယာထဲမှာ ပါဝင်နေသော Isohumulone ဖြင့်တိုင်းတာပြီး ပုံမှန်အားဖြင့် IBU ကို ဂဏန်းအနေနဲ့ (1-100) ဆိုတဲ့ အတိုင်းအတာ အတွင်းမှာ ဖော်ပြလေ့ ရှိပါတယ်။

🔸 Isohumulone ဆိုတာကတော့ ဗျစ်ပွင့် (Hops) ထဲမှာပါဝင်နေသော Acid ဓါတ် တမျိုးဖြစ်ပြီး ဘီယာထဲတွင် ပါဝင်နေသော အခါးဓါတ်ကို ပေးပါတယ်။ထိုအခါးဓါတ်ဟာ ဘီယာချက်နေစဉ်အတွင်း ဗျစ်ပွင့် (Hops) ထဲမှာပါဝင်နေသော Acid ဓါတ်နှင့် အပူတို့ ထိတွေ့ရကနေ အခါးဓါတ်အဖြစ် ပြောင်းလဲ ဖြစ်ပေါ်လာဖြင်းဖြစ်ပါတယ်။

🔸ဘီယာတစ်မျိုးကို သောက်တဲ့အခါမှာ IBU ၅၀ ရှိပါတယ်လို့ဖော်ပြထားတဲ့ဘီယာက IBU ၂၀ လောက်ရှိပါတယ်လို့ ဖော်ပြထားတဲ့ ဘီယာထက် ပိုမိုပြီး အခါးဓါတ်ကို ခံစားရမှာဖြစ်ပါတယ်။

🔸ကမ္ဘာပေါ်မှာ အနောက်နိုင်ငံသား အများစုကတော့ IBU မြင့်မြင့်ပါဝင်နေတဲ့ IPA, Double IPA, New England IPA ကဲ့သို့သော ဘီယာတွေကို နှစ်ခြိုက်စွာ သောက်သုံးလေ့ရှိကြပါတယ်။

🔸ဘီယာချစ်သူတို့ သောက်သုံးနေတဲ့ဘီယာမှာ အခါးဓါတ် ဘယ်လောက်ပါဝင်နေတယ်ဆိုတာ သိစေဖို့နဲ့ ကိုယ်အခါးဓါတ် ဘယ်လောက်အထိ ပါဝင်နေတဲ့ဘီယာကို သောက်နိုင်တယ်ဆိုတာ သတိထားမိစေဖို့ ဗဟုသုတအနေနဲ့ တင်ပြလိုက်ပါတယ်။

အခုလက်ရှိ Burbrit ရှယ်ဘီယာအမျိုးအစားတွေရဲ့ IBUs များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

German Weizen – 12.29Rangoon Blonde – 18.45Shwe Ale – 23.08London Porter – 25.93Mandalay Brunette – 27.17Nevada Pale Ale – 30.70English Bitter – 30.08Irish Red Ale – 33.55Burma Pale Ale – 35.11

#Burbrit_brewery #Craft_beer #Shalbeer

Nway ale (Saison beer ) ဆိုတာဘာလဲ!?

ဘီယာပုံစံတစ်ခုအနေနဲ့ပြောရရင် Saison beer တွေက Pale ale အနေနဲ့စတင်ခဲ့တာပါ။ ပြင်သစ်စကားသုံးနှုန်းပြောဆိုတဲ့ Belgium နိုင်ငံတောင်ဘက်ပိုင်းက Wallonia မြို့လေးရဲ့ လယ်သမားအိမ်လေးတွေမှာ နွေရာသီအတွက် သောက်သုံးဖို့သိုလှောင်ထားလေ့ရှိပြီး Farmhouse ale လို့လည်းခေါ်ပါတယ်။ ဒီလိုသိုလှောင်ထားတဲ့ ဘီယာတွေက ၂၀ ရာစုနှစ်အစောပိုင်းမှာချက်လုပ်တဲ့ Modern saison beer နဲ့ယှဉ်ရင် ABV ပမာဏနည်းပြီး ပျမ်းမျှအားဖြင့် 3 ကနေ 3.5% ABV သာရှိပေမယ့် Modern saison beer တွေကတော့ 4.5 ကနေ 6.5% ABV အထိရှိပါတယ်။ အလယ်ခေတ် (၅~ ၁၅) ရာစုနှစ်တွေမှာတော့ Gravity နည်းတဲ့ဘီယာတွေကို အလုပ်သမားတွေကတစ်နေ့ကို ၅ လီတာလောက် ရေဓာတ်ဖြည့်တင်းမှုအတွက် သောက်သုံးကြပါတယ်။

ရေခဲသေတ္တာတွေမပေါ်လာခင်နွေရာသီမှာ ဘီယာချက်လုပ်သူတွေဟာ ချက်လုပ်ထားတဲ့ဘီယာတွေ ကစော်ဖောက်တဲ့အချိန်တွင် လေထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကြောင့် ဘီယာပျက်စီးမှုတွေနဲ့ကြုံလေ့ရှိပါတယ်။ ဒါ့ကြောင့် လယ်သမားတွေက ရာသီဥတုအေးတဲ့လတွေမှာ ဘီယာကိုချက်လုပ်ပြီး သူတို့ရဲ့အဓိကသောက်သုံးသူ နွေရာသီအလုပ်သမား တွေအတွက် နွေရာသီမတိုင်ခင်အထိ သိုလှောင်ထားပါတယ်။

သမိုင်းကြောင်းအရကတော့ Saison beer တွေကိုတိကျသေချာတဲ့ ဘီယာပုံစံမျိုး သတ်မှတ်ပြောဆိုဖို့ခက်ခဲပါတယ်။ ဒါပေမယ့် တက်ကြွလန်းဆန်းစေဖို့ လယ်သမားတွေချက်လုပ်ထားတဲ့ Summer ales အုပ်စုထဲပါဝင်တယ်လို့ပြောနိုင်ပါတယ်။ Commercial ဘီယာတွေ ABV 5 ကနေ 8% အထိရှိနေပေမယ့် လန်းဆန်းမှုကို ရည်ရွယ်ပြီးချက်လုပ်ထားတဲ့ မူလ Saison ဘီယာတွေကတော့ အယ်လ်ကိုဟော အဆင့် 3 ကနေ 3.5 % အထိသာရှိပါတယ်။

နွေရာသီအတွက် လတ်ဆတ်လန်းဆန်းစေမယ့် Saison ဘီယာတစ်မျိုးဖြစ်တဲ့ Nway Ale ဘီယာကို 1 pint- 4900 MMK နဲ့ Burbrit မှာ လာရောက်သုံးဆောင်နိုင်ပါပြီ။

Cheers! 🍻

Shop Now