✨ဝီစကီချိုချို ၊ဘီယာခါးခါး✨

✨ဝီစကီချိုချို ၊ဘီယာခါးခါး✨

🥃ဝီစကီကိုစပါးနှံ ၊တဆေးတို့ကိုသုံးပြီးချက်ပါတယ်။စပါးနှံအမျိုးအစားထဲမှာပါတဲ့ ဆန်၊ ဂျုံ ၊အုတ်(Oat)၊ မုယောစပါးတွေကိုရေစိမ်ပြီး အညှောင့်ပေါက်အောင်အရင်လုပ်ပါတယ်။ တစ်ချို့ဝီစကီမျိုးတွေမှာ မုယောစပါးတစ်မျိုးတည်းကိုသာသုံးတဲ့အတွက် Single Malt ဝီစကီဆိုပြီးခေါ်ကြပါတယ် ။ အညှောင့်ပေါက်ထားတဲ့စပါးစေ့တွေကိုအပင်ဆက်မပေါက်အောင် အပူပေးအခြောက်ခံပါတယ်။ စကော့တလန်ကဝီစကီတွေနာမည်ကြီးတာက ဒီအပူပေးတဲ့အဆင့်မှာ စကော့တလန် ရွံနွံတောတွေထဲက ကိုင်းပင်ရဲ့အမြစ်တွေကိုမီးဖုတ်ပြီးကျွမ်းနေတဲ့ အနံ့ကိုအညှောင့် ပေါက်နေတဲ့စပါးစေ့ထဲဝင်စေပါတယ်။ အဲ့ဒီ ကိုင်းမြစ်ကျွမ်းတဲ့အနံ့ဟာ ဝီစကီတွေကိုပိုမွှေးစေတယ်လို့ဆိုပါတယ်။အညှောင့်ပေါက်နေတဲ့စပါးစေ့တွေလိုရေနဲ့ပြုတ်ပြီး ထွက်လာတဲ့ကစီဓာတ်ကိုတဆေးထည့်ပြီး အချဉ်ဖောက်တဲ့အခါ ၁၅% ခန့်ပြင်းတဲ့အရက်ရပါတယ်။ အဲ့ဒီနောက် ၄၀%လောက်ထိပြင်းတဲ့အရက်ဖြူဖြစ်လာအောင်ပေါင်းတင်ပါတယ်။ပြီးတော့မှဒီအရက်ဖြူကို မီးဖုတ်ထားတဲ့ ဝက်သစ်ချသားတွေနဲ့လုပ်ထားတဲ့ သစ်သားစည်တွေထဲထည့်ပြီး ဝက်သစ်ချသားရဲ့အရောင်နဲ့ကျွမ်းတဲ့အနံ့တွေ ဝင်သွားအောင်နှစ်ပေါင်းများစွာ သိမ်းထားရပါတယ်။ အဲ့ဒီလို သိမ်းစည်းထားစဉ်မှာ အရက်ဖြူထဲမှာရှိတဲ့ကြမ်းတမ်းတဲ့အနံ့ အရသာတွေ သိမ်မွေ့နူးညံ့သွား စေပါတယ်။ ကြာကြာသိမ်းထားလေလေ ပိုမိုတည်ငြိမ်ပြီးသောက်လို့ကောင်းလေလေပါပဲ။ ဒါ့ကြောင့် ၂၁ နှစ်သားဝီစကီဟာ ၁၈နှစ်သားထက်ကောင်းပြီး ၁၈နှစ်သား ဝီစကီဟာ ၁၂ နှစ်သားထက်ပိုဈေးကြီးရတာပါ။ဝီစကီမှာ ပင်ကိုယ်အခါးဓာတ်မရှိဘဲ အရက်ပြင်းလို့လူတွေက” သောက်လိုက်ရင်ချို မြိုလိုက်ရင်ခါး” လို့ဆိုကြတာပါ။ ကျွန်တော်တို့အတွက်ကတော့ “ဝီစကီချိုချို ” လို့ပဲဆိုပါရစေ။

🍺ဘီယာကိုတော့ စပါးနံှ ဗျစ်ပွင့်နဲ့တဆေးတို့နဲ့ချက်ပါတယ်။ စပါးနှံမျိုးတွေဖြစ်တဲ့ ဆန်၊ ဂျုံ ၊အုတ်၊ မုယောစပါးတို့ကို အညှောင့်ပေါက်အောင်ရေအရင်စိမ်ရပါတယ်။ အဲ့ဒီနောက်အပင်ပေါက်မလာအောင် အပူပေးပြီးအခြောက်ခံရပါတယ်။ စတောက် ၊ ပေါ်တာစတဲ့ အမဲရောင်ဘီယာတွေ ချက်ချင်ရင်တော့ စပါးကိုကျွမ်းသွားအောင် လှော်ပစ်လိုက်ရပါတယ်။ အဲ့ဒီနောက်အညှောင့်ပေါက်တဲ့စပါး နှံတွေက ကစီဓာတ်ထွက်လာအောင်ရေထဲမှာထည့်ပြုတ်ပါတယ်။ ဘီယာထဲကအချိုဓာတ်ဟာ စပါးစေ့ထဲကကစီဓာတ်ကလာတာပါ။ အကောင်းစားမုယောစပါးတွေများများသုံးလေလေ ဘီယာကချိုလေလေပါပဲ ။ဒါကြောင့်မို့ ဘားဘရစ်ရှယ်ဘီယာဖြစ်တဲ့ Nevada Pale Ale ၊ Rangoon Blonde ၊ German Weizen ကချိုနေတာပါ။ဘီယာထဲကအချိုဓာတ်ကိုအခါးဓာတ်နဲ့ပြန်ထိမ်းပါတယ်။ အဲ့ဒီအတွက် ဗျစ်ပွင့်(Hop) ကိုသုံးပါတယ်။ ဗျစ်ပွင့်မှာအခါးပွင့်နဲ့အမွှေးပွင့်ဆိုပြီးနှစ်မျိုးရှိပါတယ်။ အခါးပွင့်ဟာ ဘီယာကိုခါးစေပြီး အခါးပွင့်များများထည့်လေ ဘီယာခါးလေလေပါပဲ။ဘားဘရစ်ရှယ်ဘီယာတွေဖြစ်တဲ့ Burma Pale Ale နဲ့ Nevada Pale Ale တွေခါးတာဟာ အခါးပွင့်များများထည့်ချက်လို့ပါ ။အခါးပွင့်တွေကို စပါးနှံတွေနဲ့ရောပြီးပြုတ်ရပါတယ်။ချိုချိုခါးခါးဒီပြုတ်ရေတွေကိုအအေးခံပြီးတဲ့နောက် တဆေးခတ်ပါတယ။် တဆေးဆိုတာနွားနို့ကိုဒိန်ချဉ်ဖြစ်အောင်လုပ်တဲ့အရာပါ ။တဆေးဟာပြုတ်ရည်ထဲမှာရှိတဲ့ ကစီဓာတ်ကိုစားပြီးအရက်နဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ထုတ်ပေးပါတယ်။ ဒါ့ကြောင်းဘီယာထဲမှာ အရက်ပါလာပြီးကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ ပလုံစီနေတာပါ။ရှယ်ဘီယာတွေမှာတော့ ဘီယာဖြစ်ပြီးတော့မှ အမွှေးဗျစ်ပွင့်တွေထပ်ထည့်ပါသေးတယ်။ဒါကြောင့်မို့ Nevada Pale Ale ကမွှေးနေတာပါ။ဒီအမွှေးနံ့တွေဟာ ဘီယာပူလာရင် အငွေ့ပျံသွားနိုင်တာကြောင့် ဘားဘရစ်ရှယ်ဘီယာတွေကို အမြဲရေခဲသေတ္တာထဲမှာ သိမ်းထားဖို့လိုအပ်ပါတယ်။

🥃အချုပ်ပြောရရင် ဝီစကီကစပါးနှံကြောင့်ချိုအရက်ကြောင့်ခါးနေတယ်လို့ထင်ရပြီး ကိုင်းမြစ်နဲ့ ဝက်သစ်ချကျွမ်းတွေကြောင့် မွှေးနေတာပါ။

🍺ဘီယာကတော့မုယောစပါးကြောင့်ချိုပြီး ဗျစ်ပွင့်ကြောင့်ခါးပြီးမွှေးနေတာပါ။

Shop Now