🍻ဘာကြောင့်ဘီယာခါးတာလဲ?

စပါးနှံကထွက်တဲ့ကစီဓာတ်ကိုအချဉ်ဖောက်ပြီး အရသာချိုတဲ့ဘီယာတွေ သောက်လာတာနှစ်ပေါင်း ၇၀၀၀ လောက်ရှိပြီလို့ပညာရှင်တွေကဆိုပါတယ်။ ဒါပေမယ့်လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ လောက်ကျမှ ဘီယာဆို ခါးလာတာဟာ ဗျစ်ပွင့်တွေထည့်သုံးလာလို့ပါ။
ဗျစ်ပွင့်ဆိုတာ ဥရောပမြောက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ပေါက်တဲ့ အပင်အမျိုး ( Humulus lupulus ) ရဲ့ပန်းပွင့်ပါ။ ဒီပန်းပွင့်ကိုဘီယာချက်ရာမှာထည့်သုံးရင် ဘီယာဟာပိုကြာကြာအထားခံတဲ့အတွက် ခရစ်တော်ပေါ်ပြီး ၉ရာစုလောက်ကတည်းက ဘီယာချက်ရာမှာ စတင်အသုံးပြုခဲ့တယ်လို့မှတ်တမ်းတွေကဆိုပါတယ်။ ကြာကြာအထားခံတဲ့အကျိုးရှိပေမယ့် ခါးသက်တဲ့အရသာရှိတာကြောင့် ချက်ချင်းခေတ်မစားခဲ့ဘူးလို့ ယူဆပါတယ်။
ခရစ်တော်ပေါ်ပြီး ( ၁၄၊ ၁၅ ) ရာစုတွေရောက်မှသာ ဗျစ်ပွင့်ရဲ့ အခါးအရသာကိုဘီယာချစ်သူတွေ ယဉ်လာရာက ဘီယာချက်ရာမှာ ဗျစ်ပွင့်ဟာမပါမဖြစ်ပါရတဲ့ အရာတခုဖြစ်လာပါတယ်။ ဘီယာထဲကဗျစ်ပွင့်ရဲ့ အခါးဓာတ်ကို IBU (International Bitterness Unit) နဲ့တိုင်းပါတယ်။ IBU အဆင့် ၁ ကနေ ၁၀၀ အထိရှိပြီး ဂဏန်းကြီးလေခါးလေပါပဲ။
Burbrit ဘီယာရဲ့ IBU တွေကိုအောက်မှာတင်ပြထားပါတယ်။
German Weizen – 12.29
Rangoon Blonde – 18.45
Shwe Ale – 23.08
London Porter – 25.93
Mandalay Brunette – 27.17
Nevada Pale Ale – 30.70
English Bitter – 30.08
Irish Red Ale – 33.55
Burma Pale Ale – 35.11

Shop Now