3Cs (Centennial, Columbus, Citra) Session IPA
3Cs (Centennial, Columbus, Citra) Session IPA
Aroma

Appearance

Flavor

Finish

ဗျစ်ပွင့် (Hops) အရသာထူးထူးကဲကဲ နှင့် မွှေးမွှေးကြိုင်ကြိုင် ဖြစ်နေတဲ့ ဘီယာတစ်မျိုးကို Burbrit ပရိတ်သတ်များအား မိတ်ဆက်ပေးချင်ပါတယ်။Session IPA ဆိုတဲ့အတိုင်း ABV 4.5% သာပါခြင်းသောက်သုံးတဲ့အခါမှာ အခါးဓါတ် ဗျစ်ပွင့်အရသာ ကဲနေခြင်းကြည်လင်ပေါ့ပါးတဲ့ ဘီယာရဲ့ အထိအတွေ့ခံစားရရှိနိုင်ခြင်းကြောင့် Session IPA လို့ခေါ်ဆိုခြင်းဖြစ်ပြီးနှာခေါင်းဝကို ခွက်တေ့လိုက်တိုင်းမှာ မာလကာသီးနှင့်နာနတ်သီးရနံတို့မွေးနေတဲ့ ဗျစ်ပွင့်တွေရဲ့ ပေါင်းစပ်မှုကြောင့် ဘီယာ ရနံ့လေးက လေချဉ်တက်တိုင်းမှာ တောင် သတိရပြီး ထပ်သောက်ချင်စိတ် ဖြစ်နေစေမှာပါ။3Cs ဟာ ကမ္ဘာပေါ်မှာလူကြိုက်အများဆုံးဘီယာတစ်ခုဖြစ်သော American IPA ကိုပေါ့ပေါ့ပါးပါး ဖြစ်အောင် Session IPA တစ်ခုအဖြစ် ချက်လုပ်ထားသောဘီယာတစ်မျိုးဖြစ်ပါတယ်…လူကြိုက်များတဲ့ ဘီယာတစ်မျိုးကို Burbrit ရှယ်ဘီယာ ချစ်သူတွေအတွက် ချက်လုပ်ပေးလိုက်ပြီဖြစ်လို့ 02.08.2019 (သောကြာနေ့) မှစတင်ကာ Burbrit Tasting Room နဲ့ Burbrit Taproom တွေမှာ လာရောက်သောက်သုံးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ…

German Weizen
German Weizen
4.5% ABV - 12 IBU
Aroma

Banana

Appearance

Pale Straw, Long-lasting White Head

Flavor

Strong Banana and Clove Flavour

Finish

Sweet and Effervescent

German Weizen ဟာဆိုရင် ဂျုံ့နဲ့ချက်လုပ်ထားတဲ့ ဘီယာအမျိုးအစားတွေထဲမှာ နာမည်ကြီးဘီယာတစ်မျိုးဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက Germany နိုင်ငံ Bavaria ပြည်နယ်မှာ စတင်ချက်လုပ်သောက်သုံးခဲ့တာပါ။ German Weizen ရဲ့ထူးခြားချက်ဖြစ်တဲ့ ငှက်ပျောသီးရနံ့သင်းသင်းလေးနဲ့အတူ Vanilla ရနံ့ခပ်ပါးပါးလေးက သောက်လိုက်တဲ့အခါ လန်းဆန်းလတ်ဆတ်မှုကို ခံစားရရှိစေမှာပါ။
ထူးခြားချက်- လက်ရှိ Burbrit ရဲ့ထုတ်ကုန်တွေထဲမှာ လူကြိုက်အများဆုံး ဘီယာတစ်မျိုးဆိုရင် သူပါပဲ။

Shwe Ale
Shwe Ale
4.7% ABV - 23.08 IBU
Aroma

Light Bready & Floral

Appearance

Light Yellow

Flavor

Bread, Toast, Biscuit

Finish

Medium Dry

ရွှေအေးလ်ရှယ်ဘီယာဟာ အမေရိကားမှာ အစပြုပြီး ရိုးရိုး ဘီယာ (Lager) သောက်သုံးသူများကို အေး(လ်)ဘီယာ (Ale Beer) နဲ့ မိတ်ဆက်ပေးတဲ့အနေနဲ့ နာမည်ကြီးပါတယ်။ ရွှေအေးဆိုတာ Golden Ale ကနေ တိုက်ရိုက်ဘာသာပြန်ထားတာပါ။ ရိုးရိုး Lager တွေနဲ့ အသွင်တူအောင်ချက်လုပ်ထားတဲ့အတွက် ရွှေရောင်အဆင်းရှိပြီး အရသာကခါးလည်းမခါး၊ မုယောစပါးအရသာလည်းမကဲ၊ ဗျစ်ပွင့်အနံ့အရသာလည်း မပျင်းဘူးဆိုတော့ သောက်ရတာအဆင်ပြေတဲ့ဘီယာတစ်မျိုးပေါ့။
ထူးခြားချက်- လာဂါ သောက်ဖူးတဲ့ လူတွေ ကို အေးလ်(Ale)နဲ့မိတ်ဆက်ပေးဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။

Rangoon Blonde
Rangoon Blonde
4.7% ABV - 18 IBU
Aroma

Grainy

Appearance

Light Gold

Flavor

Lingering Low Bitterness

Finish

Crisp and Clean

Rangoon Blonde ဆိုတာ ရှယ်ဘီယာ လာဂါအမျိုးအစားဖြစ်ပြီး မြန်မာတို့ရဲ့ ရှယ်ဘီယာ (Craft Beer) အလံကိုလွှင့်ဖို့ ပထမဆုံးချက်ခဲ့တဲ့ ရှယ်ဘီယာလာဂါဖြစ်ပါတယ်။ အရောင်ကဝင်းပြီး အနံ့လေးကသင်းတယ်၊ သောက်လို့ကောင်းပြီး မြိုချလိုက်ရင်ခါးပေမယ့် ခံတွင်းရှင်းတယ်။ လာဂါချစ်တဲ့မိတ်ဆွေတွေအတွက်တော့ ရှယ်ပေါ့ဗျာ..။
ထူးခြားချက်- ရိုးရိုးလာဂါနဲ့ ရှယ်လာဂါ ဘာကွာလဲ သိချင်ရင် ဒီဘီယာလေးနဲ့ယှဉ် သောက်ကြည့်လိုက်ပါ။

English Bitter
English Bitter
4.7% ABV - 30 IBU
Aroma

Lightly Toasty

Appearance

Pale amber

Flavor

Soft Hop Bitterness

Finish

Dry

ရှယ်ဘီယာတစ်မျိုးဖြစ်တဲ့ English Bitter နဲ့မိတ်ဆက်ပေးပါရစေ။ English Bitter ကတော့ အရောင်ပျော့ဘီယာ (Pale Ale) တစ်မျိုးပါ။ ဗြိတိသျှလူမျိုးတွေ လွန်ခဲ့သော နှစ်တစ်ရာကျော်ကနေ ယနေ့တိုင် နှစ်နှစ်ခြိုက်ခြိုက်သောက်သုံးနေတဲ့ရှယ်ဘီယာ ဖြစ်ပါတယ်။ မုယောအရသာမကဲ၊ အခါးပျော့ပျော့၊ နူးညံ့ဆိမ့်မွှေးတဲ့ဗျစ်ပွင့်အနံ့နဲ့ English Bitter ရှယ်ဘီယာကတော့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စကားပြောရင်းအပန်းဖြေဖို့အတွက် အကောင်းဆုံးအဖော်မွန်ပါပဲ။
ထူးခြားချက်- အင်္ဂလိပ်လူမျိုးတွေရဲ့မိရိုးဖလာ ဘီယာ တစ်မျိုးပါ။

Nevada Pale Ale
Nevada Pale Ale
6.0% ABV - 31 IBU
Aroma

Fruity & Citrusy

Appearance

Medium Copper

Flavor

Caramel & Citrus

Finish

Sweet

၁၉၈၀ အစောပိုင်းကာလက ကယ်လဖိုးနီးယားပြည်နယ် မြောက်ဖက်စွန်းမှာ ပထမဆုံး မိတ်ဆက်ပြီး နာမည်ကျော်ကြားခဲ့သော Sierra Neveda Pale Ale ကို စံနမူနာယူပြီး Burbrit မှ Neveda Pale Ale ဟု နာမည် တွင်စေခဲ့တဲ့ Nevada beer ဟာ ဗျစ်ပွင့် ရဲ့ အခါးအရသာ နဲ့ မုယောစပါး ရဲ့ အချို အရသာ ကို သောက်နေကြ ဘီယာ များထက် သိသိသာသာ ပေါ်လွင်စေမယ့် ဘီယာ ၁ မျိုးပါ။ နူးညံ့စူးရှတဲ့ မွှေးရနံ့ပေးတဲ့ဗျစ်ပွင့်(Flavouring Hops)တွေ ရဲ့ မွှေးရနံ့ကို ခံစားစေချင်တဲ့စိတ်နဲ့အသစ်မိတ်ဆက်လိုက်သောဘီယာ တစ်မျိုးလဲဖြစ်တယ်။ Alcohol အနေနဲ့ ၆ ရာခိုင်နှုန်း ပါဝင်ပါတယ်..။
ထူးခြားချက် – Sierra Neveda Pale Ale ကို စံနမူနာယူပြီး Burbrit မှ Neveda Pale Ale ဟု နာမည် တွင်စေခဲ့တာပဲဖြစ်ပါတယ်။

Irish Red Ale
Irish Red Ale
4.7% ABV - 34 IBU
Aroma

Toffee, Candy

Appearance

Reddish-brown

Flavor

Like English Tea

Finish

Dry & Sweet

Red Ale ဟာ အိုင်ယာလန်နိုင်ငံ Killkenny အရပ်ကနေ အစပြုတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ Irish Red Ale ကတော့ အရောင်ပျော့တဲ့ဘီယာ (Pale Ale) တစ်မျိုးပါ။ ချိုချိုမွှေးမွှေးနဲ့ငြိမ့်ငြိမ့်ညောင်းညောင်းလေးပေ့ါ။ အရက်ပါဝင်မှုနည်းလို့ သောက်တာများသွားလည်း မိတ်ဆွေပုံမပျက်ပါဘူး။ နိုင်ငံတကာကို ခြေဆန့်၊ လက်လှမ်းမှီတဲ့ သူတွေကတော့ Kilkenny တံဆိပ် Red Ale ကို မြည်းစမ်းဖူး ကြမှာပါ။ ထူးခြားချက်- ဗျစ်ပွင့်ရနံ့ ယဉ်ယဉ်လေးနဲ့ နီညိုရောင် ရှိတာကြောင့် (English Tea) နို့မပါတဲ့ အင်္ဂလိပ်လက်ဖက်ရည်လို့ခိုင်းနှိုင်းပြောဆိုကြပါတယ်။

Burma Pale Ale
Burma Pale Ale
6.0% ABV - 35 IBU
Aroma

Floral & Spicy-peppery

Appearance

Deep Amber

Flavor

Light Biscuit & Medium Fruitiness

Finish

Medium Dry

Burbrit ရှယ်ဘီယာတစ်မျိုးဖြစ်တဲ့ Burma Pale Ale (BPA) နဲ့ မိတ်ဆက်ပေးပါရစေ။ အင်္ဂလိပ်စတိုင် IPA (English IPA) ဒါမှမဟုတ် အင်ပါယာ IPA (Imperial IPA) တစ်မျိုး ဖြစ်ပါတယ်။ ကော်ဖီဆိုရင်ခါးခါးသောက်မိတယ်  ဆိုတဲ့သူမျိုးတွေအတွက် ချိုချိုခါးခါးမွှေးမွှေးပြင်းပြင်း ဘီယာတစ်မျိုးပေါ့။ American IPA နဲ့ကွာတာက Dry Hop လုပ်မထားလို့ ဗျစ်ပွင့် (Hops) ထူးကဲလွှမ်းမိုးမနေပါဘူး။ အညိုရင့်ရောင်ရှိပြီး မုယောစပါးများများသုံးထားလို့ ပျစ်ပျစ်နှစ်နှစ်အရသာကိုခံစားရမှာပါ။ (၁၈)ရာစုတုန်းက အင်္ဂလိပ်တွေဘီယာကို အိန္ဒိယပြည်သယ်လာတော့ လမ်းခရီးမှာကြာရှည်ခံအောင် ဆိုပြီး အရက်ပြင်းပြင်းနဲ့ အခါးဗျစ်ပွင့် (Bittering hops) များများနဲ့ ဘီယာချက်ရာက Indian Pale Ale ဆိုပြီး အမြည်တွင်ခဲ့တာပါ။ ထူးခြားချက်   ဗမာ့ပြည်ရောက်ပြီ ဆိုတော့ Burma Pale Ale လို့ခေါ်မှ တင့်တော့ မှပေါ့ဗျာ

Mandalay Brunette
Mandalay Brunette
4.7% ABV - 26 IBU
Aroma

Deep Malt Sweetness

Appearance

Dark Brown

Flavor

Malty Chocolate

Finish

Dry

Mandalay Brunette ဟာ အရောင်ရင့် Lager ဘီယာ ဖြစ်ပါတယ်။နီညိုရောင် ရင့်ရင့် အရောင်အဆင်းလေးနှင့် စူးရှတဲ့ Caramel အရသာ၊ မြေသင်းနံ့ ဆန်ဆန် ဗျစ်ပွင့်တု့ိ၏ အနံ့တို့ကို ခံစားမိစေမှာပါ။ တူးသွားအောင်လှော်ထားတဲ့ ရှယ် မုယောစပါး၏ တူးနံ့သင်းသင်းနှင့် အခါးပျော့ပျော့ အဆုံးသတ်လေးကိုတော့ သောက်သုံးသူ သတိထားမိစေမှာ မလွဲပါဘူး။ ဂျာမနီ နိုင်ငံ Bavaria ပြည်နယ်က Bavarian ရွာသားတွေနှင့် နယ်ဘက်အစွန်မှာ နေထိုင်ကြသူတွေချက်လုပ်သောက်သုံးကြတဲ့ ကိုယ်ပိုင် Style ဘီယာ တမျိုးဖြစ်ပြီး ၁၅၁၆ ခုနှစ်မှာ စတင်ထုတ်ပြန်ခဲ့သော ဂျာမာန်ဘီယာသန့်စင်ရေး ဥပဒေကို ပထမဆုံး စတင်လိုက်နာ ကျင့်သုံး ချက်လုပ်ခဲ့သော ရှေးဟောင်း မိရိုးဖလာဘီယာ တစ်မျိုးဖြစ်ပါတယ်။
ထူးခြားချက် – မန္တလေးသူ ညိုပြာညှက်တွေ ကို သတိရ စေမှာပါ။

London Porter
London Porter
4.7% ABV - 26 IBU
Aroma

Chocolate

Appearance

Deep Brown

Flavor

Coffee & Roasty

Finish

Creamy

Burbrit ရဲ့ ရှယ် London Porter ဘီယာကတော့ အင်္ဂလန်နိုင်ငံရဲ့ ဘီယာမျိုးစုံထဲကမှ ထူးခြားတဲ့ Ale ဘီယာ တစ်မျိုးပါ။ နက်မှောင်တဲ့အရောင်၊ မုယောစပါးကို လှော်ထားသော ရှယ် အနံ့၊ အရသာ နှင့် ခံတွင်းမှာ ပျစ်နှစ်နေသော ရှယ် အရသာကိုခံစားရမယ့် ရှယ် ဘီယာပါ။ ပုံမှန် Porter ဘီယာတွေထက် Alcohol လျော့နည်းပြီး ချောကလတ်ရဲ့အနံ့အရသာ ထင်ရှားနေတာကို ခံစားရမှာပါ။ London Porter ဘီယာဟာ ၁၇ ရာစုအစောပိုင်းက London မြို့မှာ စတင်ပေါ်ပေါက်ခဲ့တာပါ။
ယနေ့တိုင်အောင် အားဖြည့် လန်းဆန်းစေမည့် ဘီယာတစ်မျိုးဖြစ်လို့ ကမ္ဘာ့နိုင်ငံ တော်တော်များများက Craft Brewery ပေါင်း ၁၃၀၀ ကျော်မှာ ချက်လုပ်ရောင်း ချနေပြီး လူကြိုက်များတဲ့ဘီယာအဖြစ် ယနေ့တိုင်ရပ်တည်နေပါတယ်။
ထူးခြားချက် – မုယောစပါး အပြင် ကွေကာအုပ်ပါ ပါပြီဆိုတော့ အားရှိပြီ ပေါ့ဗျာ

Shop Now