Burbrit ရှယ်ဘီယာတစ်မျိုးဖြစ်တဲ့ Burma Pale Ale (BPA) နဲ့ မိတ်ဆက်ပေးပါရစေ။ အင်္ဂလိပ်စတိုင် IPA (English IPA) ဒါမှမဟုတ် အင်ပါယာ IPA (Imperial IPA) တစ်မျိုး ဖြစ်ပါတယ်။ ကော်ဖီဆိုရင်ခါးခါးသောက်မိတယ် ဆိုတဲ့သူမျိုးတွေအတွက် ချိုချိုခါးခါးမွှေးမွှေးပြင်းပြင်း ဘီယာတစ်မျိုးပေါ့။ American IPA နဲ့ကွာတာက Dry Hop လုပ်မထားလို့ ဗျစ်ပွင့် (Hops) ထူးကဲလွှမ်းမိုးမနေပါဘူး။ အညိုရင့်ရောင်ရှိပြီး မုယောစပါးများများသုံးထားလို့ ပျစ်ပျစ်နှစ်နှစ်အရသာကိုခံစားရမှာပါ။ (၁၈)ရာစုတုန်းက အင်္ဂလိပ်တွေဘီယာကို အိန္ဒိယပြည်သယ်လာတော့ လမ်းခရီးမှာကြာရှည်ခံအောင် ဆိုပြီး အရက်ပြင်းပြင်းနဲ့ အခါးဗျစ်ပွင့် (Bittering hops) များများနဲ့ ဘီယာချက်ရာက Indian Pale Ale ဆိုပြီး အမြည်တွင်ခဲ့တာပါ။ ထူးခြားချက်   ဗမာ့ပြည်ရောက်ပြီ ဆိုတော့ Burma Pale Ale လို့ခေါ်မှ တင့်တော့ မှပေါ့ဗျာ